No.271, 1st Floor

Shwegondaing Road, Bahan

+95 9 400 15 30 80

24/7 Customer Support

Mon~Sat - 9:00~17:30

Pharmacy & Smart Clinic

Full Time
Yangon
Posted 2 years ago
Biota Myanmar Purchasing Manager လုပ်ငန်းတာဝန်များ
  • လုပ်ငန်းခွင်အတွင်း ဝယ်ယူရေးနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများအား ချမှတ်ပေးရမည်။
  • ဝယ်ယူရေးနှင့်ပတ်သက်သော နှုန်းထားများ ၊ ဝယ်ယူသင့်သည့် ကုမ္ပဏီရွေးချယ်မှုနှင့် ပတ်သက်သော လမ်းညွှန်ချက်များအား ချမှတ်ပေးရမည်။
  • ဝယ်ယူသည့် ပစ္စည်းနှင့် ပတ်သက်သော ဈေးနှုန်းများ သတ်မှတ်ခြင်း၊ အရည်အသွေး စီစစ်ခြင်း၊ယုံကြည်စိတ်ချရသော ကုမ္ပဏီဖြစ်မဖြစ် စစ်ဆေးခြင်း၊ ကုန်ပစ္စည်းပြတ်လပ်မှု မရှိစေရန် စစ်ဆေးခြင်းများကို စီမံခန့်ခွဲနိုင်ရမည်။
  • ဝယ်ယူရေးနှင့် ပတ်သက်သော ဆော့ဝဲလ်များ သုံးနိုင်ခြင်းနှင့် ညှိနှိုင်းရာတွင် ကောင်းမွန်သူဖြစ်ရမည်။
  • ဝယ်ယူရေးနှင့် ပတ်သက်သော စည်းမျည်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် ဈေးကွက်အခြေအနေများကို သိရှိနားလည်ပြီး အမြဲမပြတ် စောင့်ကြပ်ကြည့်ရှုရမည်။
  • Supplier နှင့်ပတ်သက်သော မှတ်ပုံတင်အချက်အလက်များအား အမြဲတမ်းသိမ်းထားပြီး မွမ်းမံရမည်။
လိုအပ်ချက်များ
  • တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။ (ပစ္စည်းများ စီမံခန့်ခွဲရေး ၊ လုပ်ငန်းလည်ပတ်ရေး ဒီပလိုမာ ရရှိထားသူများကို ဉီးစားပေးမည်။)
  • ဝယ်ယူရေးအပိုင်းတွင် လုပ်သက်အတွေ့အကြုံအနည်းဆုံး ၄ နှစ် ရှိရမည်။
  • ဝယ်ယူရေးနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများနှင့် စာချုပ်ချုပ်ဆိုမှုအပိုင်းတွင် အားသာရမည်။
  • ဝယ်ယူရေးနှင့် ထောက်ပို့ရေး စီမံခန့်ခွဲမှုများတွင် ဗဟုသုတရှိရမည်။
  • ညှိနှိုင်းဆောင်ရွက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး နှင့် ပြောဆိုဆက်ဆံရေးတွင် ပြေပြစ်ကောင်းမွန်သူ ဖြစ်ရမည်။
  • အချိန်စီမံခန့်ခွဲမှုနှင့် လုပ်ငန်းစီမံခန့်ခွဲမှုများတွင် ကျွမ်းကျင်ပိုင်နိုင်ရမည်။
  • မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ ၂ မျိုးလုံးကျွမ်းကျင်သူဖြစ်ရမည်။

လုပ်ငန်းတာဝန်များ လုပ်ငန်းခွင်အတွင်း ဝယ်ယူရေးနှင့် ပတ်သက်သည့် စည်းမျဉ�...

Full Time
Yangon
Posted 2 years ago
လုပ်ငန်းတာဝန်များ
  • ဆိုင်ရှိဝန်ထမ်းများအား စီမံအုပ်ချုပ်ရေး၊ ပစ္စည်းများရောင်းချရေး၊ ဝယ်ယူသူများအားဝန်ဆောင်မှုပေးရေး၊ ဆိုင်အတွင်းရှိဝန်ထမ်းရေးရာ ကိစ္စရပ်များ၊ စီမံရေးရာများ စသည်တို့ကို ဆောင်ရွက်ရန်
  • ဆေးဆိုင်နှင့်ဆေးခန်း၏ လိုအပ်သောပစ္စည်းများမှာယူခြင်း၊ ဆိုင်အတွင်းလိုအပ်သည်များကို စီမံခန့်ခွဲခြင်း
  • ဆိုင်ရှိဝန်ထမ်းများအား လိုအပ်သည်များကို သင်ပြပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများ ပြုလုပ်ခြင်း
  • ဈေးကွက်စီမံခန့်ခွဲမှုများ၊ ရည်ရွယ်ချက်များ၊ လုပ်ငန်း၏ စီမံကိန်းများတွင် ပါဝင်ကူညီခြင်း
  • Convenience stores များရှိ ပစ္စည်းများနှင့် ပတ်သက်သော ဗဟုသုတရှိရမည်။
  • ခေါင်းဆောင်မှုစွမ်းရည်ရှိရန်နှင့် ဝန်ထမ်းရေးရာနှင့် ပတ်သက်သောစီမံခန့်ခွဲမှုများတွင် ဗဟုသုတရှိရမည်။
  • ဆေးခန်းနှင့်ဆေးဆိုင်၏ စည်းမျဉ်းစည်းကမ်းများအား ရင်းနှီးကျွမ်းဝင်ရမည်။
လိုအပ်ချက်များ
  • တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။
  • လုပ်သက်အတွေ့အကြုံ အနည်းဆုံး ၃ နှစ် ရှိရမည်။
  • ဆေးဝါးနှင့် ဆေးပစ္စည်းများအား သိရှိနားလည်ရမည်။
  • ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်သူဖြစ်ရမည်။
  • ကွန်ပျူတာ အသုံးပြုနိုင်ရမည်။
  • အင်္ဂလိပ်စာ အခြေခံ တတ်ကျွမ်းရမည်။

လုပ်ငန်းတာဝန်များ ဆိုင်ရှိဝန်ထမ်းများအား စီမံအုပ်ချုပ်ရေး၊ ပစ္စည်းမျ�...

Full Time
Yangon
Posted 2 years ago
လုပ်ငန်းတာဝန်များ
  • ဝယ်ယူသူများအား နှုတ်ခွန်းဆက်သရန်နှင့် လိုအပ်သည်များကို ကူညီပေးရန်
  • ဆေးဝါးနှင့် ဆေးပစ္စည်းစာရင်းများအား သေချာစွာထိန်းသိမ်းထားရှိရန်
  • ဆေးဝါးနှင့် ဆေးပစ္စည်းများရောင်းချရေးကို စီမံခန့်ခွဲရန်
  • ဆေးဝါးနှင့်ပတ်သက်သော မေးခွန်းများ၊ ကျန်းမာရေးဆိုင်ရာအချက်အလက်များနှင့် ဆရာဝန်ဆေးညွှန်းများနှင့်ပတ်သက်သောမေးခွန်းများအား ဆိုင်ရှိဆေးဝါးကျွမ်းကျင်သူဆီ ညွှန်ပေးရန်
  • တယ်လီဖုန်းများအား လက်ခံဖြေကြားရန်
  • ဆရာဝန်ဆေးညွှန်းများအား စာတမ်းကပ်ရာတွင် တိကျသေချာစွာ စာညွှန်းပြုလုပ်ရန်
  • လုပ်ငန်းခွင်အတွင်း သန့်ရှင်းသပ်ရပ်အောင် စီမံခန့်ခွဲရန်
  • ရောင်းချသောဆေးဝါးများ၏ သဘောသဘာဝများ၊ ဈေးနှုန်းလျှော့ချခြင်းများအား အမြဲသိရှိရန်
  • ရောင်းချခြင်းနှင့်ပတ်သက်သော ကုန်ကျစရိတ်များအား တိကျသေချာစွာ ခွဲခြမ်းစိတ်ဖြာရန်နှင့် မှတ်တမ်းများ စနစ်တကျထားရှိရန်
  • ဆိုင်အတွင်း အခင်းအကျင်းများ၊ ဆေးပစ္စည်းတင်ရန်စင်များ နှင့် ကောင်တာများအား စီမံကွပ်ကဲရန်
လိုအပ်ချက်များ
  • တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိသူဖြစ်ရမည်။
  • လုပ်သက်အတွေ့အကြုံ အနည်းဆုံး ၃ နှစ်ရှိရမည်။
  • ဆေးဝါး၊ ဆေးပစ္စည်းများနှင့်ပတ်သက်၍ ဗဟုသုတရှိရမည်။
  • ဆက်ဆံရေးပြေပြစ်ကောင်းမွန်သူဖြစ်ရမည်။
  • ဝယ်ယူသူများအား အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်သူဖြစ်ရမည်။

လုပ်ငန်းတာဝန်များ ဝယ်ယူသူများအား နှုတ်ခွန်းဆက်သရန်နှင့် လိုအပ်သည်မျာ�...

Full Time
Yangon
Posted 2 years ago
လုပ်ငန်းတာဝန်များ
  • အဆိုင်းတစ်ခုပြီးဆုံးတိုင်း အရောင်းငွေစာရင်းများစစ်ရမည်။
  • ဝယ်ယူသူများ၏ ငွေသားဖြင့်ဖြစ်စေ ၊ ဘဏ်ဖြင့်ဖြစ်စေ ငွေပေးချေမှုများအား လက်ခံရယူရန်
  • ပစ္စည်းများ၏ ဈေးနှုန်းများအား မှန်မမှန်စစ်ရန်
  • ရောင်းရငွေများအား နေ့စဉ်ဘဏ်သို့အပ်နှံရန် နှင့်ဘဏ်စာရွက်အားငွေစာရင်းဌာနသို့တင်ပြရန်
  • ငွေရှင်းကောင်တာနေရာအား သန့်ရှင်းသပ်ရပ်စွာထားရှိရန်
  • ဈေးနှုန်းချသော ပစ္စည်းများ၊ ဝယ်ယူထားသောပစ္စည်းနှင့်ဆက်စပ်ပြီးသုံးရသောပစ္စည်းများအား ညွှန်းပေးခြင်း နှင့် ပစ္စည်းအသစ်များအား မိတ်ဆက်ပေးခြင်းများ ပြုလုပ်ပေးရန်
  • ဝယ်ယူသူများ စိတ်ကျေနပ်မှုရရှိစေရန် အကောင်းဆုံးဝန်ဆောင်မှုပေးရန်
လိုအပ်ချက်များ
  • တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိသူဖြစ်ရမည်။
  • သက်ဆိုင်ရာလုပ်ငန်းတွင် လုပ်သက်အတွေ့အကြုံ အနည်းဆုံး ၃ နှစ်ရှိရမည်။
  • ဆေးဝါးများ၊ ဆေးပစ္စည်းများနှင့် ပတ်သက်၍ ဗဟုသုတရှိရမည်။
  • ဆက်ဆံရေးပြေပြစ်ကောင်းမွန်သူဖြစ်ရမည်။
  • အခြေခံကွန်ပျူတာ တတ်ကျွမ်းရမည်။
  • POS အသုံးပြုနိုင်သူဖြစ်ရမည်။

လုပ်ငန်းတာဝန်များ အဆိုင်းတစ်ခုပြီးဆုံးတိုင်း အရောင်းငွေစာရင်းများစစ်...

Scroll to Top