Full Time
Yangon
Posted 2 years ago

Biota Myanmar Purchasing Manager

လုပ်ငန်းတာဝန်များ

  • လုပ်ငန်းခွင်အတွင်း ဝယ်ယူရေးနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများအား ချမှတ်ပေးရမည်။
  • ဝယ်ယူရေးနှင့်ပတ်သက်သော နှုန်းထားများ ၊ ဝယ်ယူသင့်သည့် ကုမ္ပဏီရွေးချယ်မှုနှင့် ပတ်သက်သော လမ်းညွှန်ချက်များအား ချမှတ်ပေးရမည်။
  • ဝယ်ယူသည့် ပစ္စည်းနှင့် ပတ်သက်သော ဈေးနှုန်းများ သတ်မှတ်ခြင်း၊ အရည်အသွေး စီစစ်ခြင်း၊ယုံကြည်စိတ်ချရသော ကုမ္ပဏီဖြစ်မဖြစ် စစ်ဆေးခြင်း၊ ကုန်ပစ္စည်းပြတ်လပ်မှု မရှိစေရန် စစ်ဆေးခြင်းများကို စီမံခန့်ခွဲနိုင်ရမည်။
  • ဝယ်ယူရေးနှင့် ပတ်သက်သော ဆော့ဝဲလ်များ သုံးနိုင်ခြင်းနှင့် ညှိနှိုင်းရာတွင် ကောင်းမွန်သူဖြစ်ရမည်။
  • ဝယ်ယူရေးနှင့် ပတ်သက်သော စည်းမျည်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် ဈေးကွက်အခြေအနေများကို သိရှိနားလည်ပြီး အမြဲမပြတ် စောင့်ကြပ်ကြည့်ရှုရမည်။
  • Supplier နှင့်ပတ်သက်သော မှတ်ပုံတင်အချက်အလက်များအား အမြဲတမ်းသိမ်းထားပြီး မွမ်းမံရမည်။

လိုအပ်ချက်များ

  • တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။ (ပစ္စည်းများ စီမံခန့်ခွဲရေး ၊ လုပ်ငန်းလည်ပတ်ရေး ဒီပလိုမာ ရရှိထားသူများကို ဉီးစားပေးမည်။)
  • ဝယ်ယူရေးအပိုင်းတွင် လုပ်သက်အတွေ့အကြုံအနည်းဆုံး ၄ နှစ် ရှိရမည်။
  • ဝယ်ယူရေးနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများနှင့် စာချုပ်ချုပ်ဆိုမှုအပိုင်းတွင် အားသာရမည်။
  • ဝယ်ယူရေးနှင့် ထောက်ပို့ရေး စီမံခန့်ခွဲမှုများတွင် ဗဟုသုတရှိရမည်။
  • ညှိနှိုင်းဆောင်ရွက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး နှင့် ပြောဆိုဆက်ဆံရေးတွင် ပြေပြစ်ကောင်းမွန်သူ ဖြစ်ရမည်။
  • အချိန်စီမံခန့်ခွဲမှုနှင့် လုပ်ငန်းစီမံခန့်ခွဲမှုများတွင် ကျွမ်းကျင်ပိုင်နိုင်ရမည်။
  • မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ ၂ မျိုးလုံးကျွမ်းကျင်သူဖြစ်ရမည်။

Apply Online

A valid phone number is required.
A valid email address is required.