“Pharmacy Selling Essential(PSE) ဆေးဝါးရောင်းချခြင်းဆိုင်ရာ သိသင့်သိထိုက်သည်များအား ဆွေးနွေးခြင်း” သင်တန်းမှ ဆွေးနွေးမည့် ခေါင်းစဥ်များအနေဖြင့် အခြေခံဆေးဝါးများ၊ ဆေးအရောင်းပိုင်း၊ Customer Service၊ POS System နှင့် အခြားသောလေ့လာရန် လိုအပ်သည်များကို ကျန်းမာရေးနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များက သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်ပြီးသူများထဲမှ ပြန်လည်စိစစ်ရွေးချယ်ပြီး ထပ်မံဖွင့်လှစ်မည့် ဆုလာဘ်ဆေးဆိုင်နှင့်အဆင့်မြင့်ဆေးခန်းတွင် အလုပ်သင်အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများကို စီစဥ်ပေးသွားမှာပဲ ဖြစ်ပါတယ်။