No.271, 1st Floor

Shwegondaing Road, Bahan

+95 9 400 15 30 80

24/7 Customer Support

Mon~Sat - 9:00~17:30

Pharmacy & Smart Clinic

We are 1 Year Old

ဆုလာဘ်ဆေးဆိုင်နှင့် အဆင့်မြင့်ဆေးခန်းတွေ ဖွင့်ခဲ့တာ အခုဆိုရင် (၁)နှစ် တိတိ ပြည့်ခဲ့ပါပြီ။ တစ်နှစ်အတွင်းမှာ ဝန်ထမ်း (၁၀၀)ကျော်နဲ့ ဆိုင်ခွဲပေါင်း (၁၄)ဆိုင်ကို မြို့နယ်ပေါင်း (၁၂)မြို့နယ်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
တစ်နှစ်တာကာလမှာ ကိုယ်ဘာတွေ လုပ်နိုင်ခဲ့လည်း ပြန်လည်သုံးသပ်ကြည့်ရင် ဝန်ထမ်းတွေကို အောက်ပါသင်တန်းတွေကို စုစုပေါင်း (၆) ကြိမ်ပေးခဲ့ပါတယ်။

  • Attitude & Mindset of Consumer Behavior
  • Effective Operation & Team Harmonizing
  • Pharmacology
  • Sales & Customer Service
  • Leadership & Management
  • Winning Retail
  • The Winning Mindset of a High Income Sales Professional
  • 8 Steps of Sales Call

သင်တန်များကို အောက်ပါ ဆရာ၊ ဆရာမများနဲ့ သင်ကြးပေးခဲ့ပါတယ်။

  • ဆရာကြီး ဦးတင်ဇံကျော်
  • ဒေါက်တာထွန်းညွန့်ကြူး
  • ဦးအောင်စည်လင်း
  • ဦးတင်ထွန်းဦး
  • ဦးအောင်ထက်
  • ဒေါ်သင်းသီရိစု (အကြီးတန်းလေယာဉ်မယ်)
    ဆရာ၊ဆရာမများကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

လစဉ် Staff Affairs တွေလည်း မကြာခဏ ကျင်းပပေးပါတယ်။ ဝန်ထမ်းတွေ အလုပ်လုပ်ကြတာ ဝင်ငွေတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ဝင်ငွေကောင်းဖို့ လိုအပ်သလို မိမိရဲ့ Career မှာ စွမ်းရည်တိုးတက်မှုရှိဖို့လည်း အရေးကြီးပါတယ်။ မိမိတို့ရဲ့ ဝန်ထမ်းတွေဟာ ကောင်းမွန်တဲ့ ဝင်ငွေရရမယ်။ စဉ်ဆက်မပြတ် တိုးတက်မှုရှိရမယ်။ စည်းကမ်းရှိရမယ်။ ပျော်ရွှင်ရမယ်ဆိုပြီး ရည်ရွယ်ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိမှာ လစဉ် ဝန်ထမ်းထွက်နှုန်း (Average Monthly Turnover Rate) ဟာ ပျမ်းမျှ ၂-၅ ရာခိုင်နှုန်းဝန်းကျင်မှာပဲ ရှိပါတယ်။ ဝန်ထမ်း အဝင်အထွက် များတတ်တဲ့ မြန်မာနိုင်ငံရဲ့ Retail Industry မှာ စွမ်းဆောင်ရည် (Performance Appraisal) ကို စဉ်ဆက်မပြတ်အကဲခတ်ပြီး အစမ်းခန့်ကာလမှာ စွမ်းဆောင်ရည်ကို အသေးစိတ်စစ်ဆေးတဲ့ အဖွဲ့အစည်းအတွက် အတော်လေး မဆိုးဘူးလို့ ပြောလို့ရပါတယ်။

ဆုလာဘ်မှာ အလုပ်လုပ်ကြသူများကိုသာမက ပြင်ပမှ ဆေးဝါးအရောင်းဆိုင်များမှာ လုပ်ကိုင်နေကြသူများကိုလည်း Retail Marketing၊ Customer Service၊ Retail Merchandising စတာတွေကို အခမဲ့ သင်တန်း (၁) ကြိမ် ဖွင့်လှစ်နိုင်ခဲ့တယ်။ Biota Myanmar အနေနဲ့ Community တစ်ခုလုံးကောင်းမှ မိမိကုမ္ပဏီလည်း အကျိုးဖြစ်ထွန်းနိုင်မယ်လို့ ခံယူထားပါတယ်။ ဒီနှစ်မှာလည်း အဆိုပါ အခမဲ့သင်တန်းများကို ပိုမိုဖွင့်လှစ်သွားပါမယ်။ ဆိုင်ခွဲဖွင့်လှစ်ထားတဲ့ မြို့နယ်တွေမှာ အခမဲ့ ဆေးကုသပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း စတာတွေကို ပြုလုပ်ပေးလျက်ရှိပါတယ်။ ဆုလာဘ်မှာ ဆေးဝယ်သည်ဖြစ်စေ၊ ဆေးမဝယ်သည်ဖြစ်စေ ကျန်းမာရေးအခက်အခဲ တစ်စုံတစ်ရာရှိရင် မနက် (၉) နာရီမှ ညနေ (၆) နာရီထိ ဆုလာဘ် Facebook Page ကို မက်ဆေ့နှင့် မေးမြန်းရင် ဆရာဝန်နှင့် ဆေးဝါးကျွမ်းကျင် (Pharmacist) များမှ အခမဲ့ ဖြေကြားပေးပါတယ်။ ဆေးဝါးဈေးနှုန်းများကိုလည်း စဉ်ဆက်မပြတ် သုံးသပ်ပြီး ဈေးအသက်သာဆုံးရောင်းချနိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။

“A business that makes nothing but money is a poor business.”

ဝင်ငွေတစ်ခုတည်းကိုပဲ ဦးတည်တဲ့ လုပ်ငန်းမဖြစ်ဖို့ အမြဲဆင်ခြင်သုံးသပ် ကြိုးစားသွားပါမယ်။ အနာဂါတ်မှာလည်း ဒီ‌ထက်ပိုပြီး ပါတ်ဝန်းကျင်ကို ကောင်းကျိုးပြုနိုင်ဖို့လည်း ကြိုးစားသွားပါမယ်။

More To Explore

News & Activities

We are 1 Year Old

ဆုလာဘ်ဆေးဆိုင်နှင့် အဆင့်မြင့်ဆေးခန်းတွေ ဖွင့်ခဲ့တာ အခုဆိုရင် (၁)နှစ် တိတိ ပြည့်ခဲ့ပါပြီ။ တစ်နှစ်အတွင်းမှာ ဝန်ထမ်း (၁၀၀)ကျော်နဲ့ ဆိုင်ခွဲပေါင်း (၁၄)ဆိုင်ကို

News & Activities

The Winning Mindset of A High-Income Sale Professional Training

Biota Myanmar Co., Ltd. ၏ ဆုလာဘ် အဆင့်မြင့်ဆေးခန်းနှင့် ဆေးဆိုင်များရှိ ဝန်ထမ်းများအားလုံးအတွက် The Winning Mindset

News & Activities

Pharmacy Selling Essential (PSE)

“Pharmacy Selling Essential(PSE) ဆေးဝါးရောင်းချခြင်းဆိုင်ရာ သိသင့်သိထိုက်သည်များအား ဆွေးနွေးခြင်း” သင်တန်းမှ ဆွေးနွေးမည့် ခေါင်းစဥ်များအနေဖြင့် အခြေခံဆေးဝါးများ၊ ဆေးအရောင်းပိုင်း၊ Customer

Scroll to Top